
မေမေသား
မေမေ့သား သေဆုံးခြင်းဟာ
ခြင်တကောင် သေဆုံးခြင်းမျိုး မဟုတ်ဘူး
ကျိုင်းကောင်တကောင် သေဆုံးခြင်းမျိုး
မဟုတ်ဘူး ………
နွားတကောင် သေဆုံခြင်းမျိုးဖြစ်တယ်
မေမေ့အတွက် သားတယောက်ဆုံးရှုံးခဲ့မဲ့
မေမေများစွာအတွက်
သားကျေးဇူးဆပ်ခဲ့ပါတယ် မေမေ
မငိုပါနဲ့  အားတင်းပြီး ပြုံးလိုက်ပါ။
မေမေ့သွေး အဖေ့ကိုပွား မေမေ့သားမှာ
မေမေ့ စိတ်ဓာတ် အပြည့်ရှိတယ်………
ဖိနှိပ်ခံရသူတွေရဲ့  မျက်ရည်ကို ဆည်းပိတ်
တို်င်းပြည်အတွက် အသုံးပြုနိုင်အောင်
စီစဉ်ပေးပါ အမေ
ဟော… မေမေ ငိုနေပြန်ပြီ
သားမတားတော့ဘူး မေမေ
မေမေ မြိုသိပ်မထားပါနဲ့ 
ကြုံးဝါးပြီး အော်လိုက်စမ်းပါ..
မေမေ့ရဲ့….အနမ်းတချက်
သား……တောင်းတမိတယ် မေမေ
သားကို ..အမျှမဝေ သာဓုမခေါ်ပါနဲ့ 
မေမေရဲ့ ရင်ခွင်ထဲမှာ
သားနေချင်သေးတယ်
တိုင်းပြည်ငြိမ်းချမ်းတဲ့တနေ့ မှ
သားအတွက် အမျှဝေပါ
မေမေရယ်
တောတွင်းတနေ့ရာကပေးပို့တဲ့ကဗျာလေးပါ။
မိုးညသူငယ်ချင်းပေးပို့ပေးသည်ကဗျာပါ
ကြိုက်မယ်လို့လည်းထင်ပါတယ်မိုးညတင်ပေး
လိုက်တာပါ ။ ။
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
တော်ပြီ
လမ်းမှားတွေကိုလျှောက်
မင်းသတိထား
လူပေါင်းမှားနေတော့
ငါပြောရင်အပြစ်မြင်ပေါ့
ငါကလည်းမင်းစိတ်ဆိုးမှာကိုကြောက်နေပေါ့
ဒါဆိုမင်း ဘ၀ဘာဖြစ်မလဲ
စဉ်းစား ..ပြီးတော့မှ
နောင်တတွေမရနဲ့
ငါပြောတဲ့စကား
မှန်တယ်ထင်ရင်လက်ခံ
မင်းကိုချစ်နေလို့ သတိပေးတာ
လက်ခံပါ စိတ်ကူးမမှားနဲ့
မင်းအမြင်မှန်ရလို့ တောင်းပန်ချင်
ဘုရားစင်ရှေ့မှာ ဒူးထောက်လို့
ကျိမ်ဆိုပါ
မင်းအကြောင်းကတော့
ငါပြောတာကို ဂဏန်းတစ်ကောင်လို
ကန့်လတ်တိုက်ပြီး
လိုတာရှိရင် ငါ့ကို
ကပ်စီးနဲ လို ချွဲ
မင်းကပဲပြောပေါ့
ဟန်ဆောင်ပြီဆိုလဲ
ပြုတ်လိုတဲ့ ပဲလိုဘဲ
မင်းပုံက မရဲသလိုနဲ့
နောက်ပြီးငါ့ကို ဆားနဲ့ဘဲ
စားမယ်ဆိုတဲ့ အသိဝင်ခဲ့
မင်းအချစ်က ငါ့အတွက်
ကုတ်နေရတဲ့ ၀ဲလိုဘဲ
ငါကို ကြိုးရှည်ရှည်နဲ့ လှန်ပြီး
အချိန်ဆွဲနေခဲ့
ငါ့ မှာတော့
အချိန်ကုန်ခံပြီး ရုန်းနေရတဲ့
နွားတစ်ကောင်ပဲ
ငါရေးတဲ့ စာသားတွေမှာ
မင်းက ကာရန်တိုင်းရဲ့ဥာဏ်ကြီးရှင်
ငါ မင်းအကြောင်းတွေ ဆက်မရေးချင်
ဒီဘ၀နဲ့ဒီမျှသာပဲ ဖြတ်ထားချင်
တော်ပြီ…………………၊ ၊
တစ်ပါးသူရဲ့ခံစားချက်ကိုရေးသားထားသည်။ ။
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

( အသဲကွဲ မီး )
ရင်မှာလိုနေတဲ့မီးဒုက္ခ
ရင်မှာကျွမ်းခဲ့ပြီ
ချစ်ရူးပြီး အသက်ရှင်ဖို့
မင်းဆီပို့
တံတိုင်းကြီးကိုတွေ့ရှိဆုံး
အထီကျန်နက်ရှိုင်းခဲ့ပြီး
ငါ့တံတိုင်းကြိုးပြတ်
ဟောင်းနွမ်း ငါအသည်းပျက်စီးခဲ့ပြီးသွား
မိုးသား တိမ်တွေတောင်ဘာဖြစ်
ငါဘ၀ပြတ်သုံးတဲ့ခိုက်မှာ
မုန်းလိုက်လို့မဆုံး ချစ်ဖို့
နောက်ဘ၀တော့ရှိစေသား
မင်းအခုမရှိဘူးအချစ်
မင်းငါကိုထား
မင်းကစား
ငါဆီမှာ ဗလောင်မိုးပျိုးခဲ့ပြီး
ထွက်ခွာသွားခဲ့
ငါက ကျန်တာငြိမ်းသတ်ခဲ့တဲ့မီး
ပူလောင်မီး တငွေ့ငွေ့နဲ့ဖွဲမီး
ဟောဒီမှာ ငါ အချစ်ကပျက်စီး
ပျက်နေတောင်ကံမကောင်းတာ
မင်းတွေကြည့်စမ်း ငါချစ်ဇာတ်လမ်း
သိပ်မဆန်း ငါ့ရဲ့မင်းကိုလွမ်းလွမ်း
ဟေ့ ငါကိုကြည့်စမ်း
နင် ရှို့ခဲ့
ငါ့မှာမီးကျွမ်း ရှို့ခဲ့
အိမ်မက်တွေအားလုံးခြောက်ခမ်း
ဘ၀ပျက်တဲ့ ငါဘ၀ရဲ့မှတ်တမ်း
(တပါးသူရဲ့ခံစားချက်)
မှတ်ချက်။ ။သူငယ်ချင်းတစ်ယောက်ရဲ့ခံစားချက်တင်ပေးလိုက်တာပါ
အမည်ကိုယ်မေးရန်သီးခံပါ။ ။
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ဂီလာနရဲ့ ကဗျာတပုဒ်ကို
ခံစားဖွဲ့စည်းခြင်း
မျှော်လင့်ချက် မနက်အတွက်
ငုပ်ကွယ်နေတဲ့
အချက်တချက်ကိုယ်လည်း
အမြှစ်လှန်လိုက်တဲ့အခါ
ဟိုမှာဘက်ရဲ့
မေ့လျှော့ခြင်းများက
အစားထိုးဝင်ရောက်ခဲ့ပြန်ပြီပေါ့
စောင့်စည်းနိုင်မှု သဘောတရားမှ
ပင်လယ်ပြင်များကိုဖြတ်သန်းခဲ့တဲ့
ကမ်းလွန်လေများဟာ
အာကာရဲ့ ဗဟိုချက်မမှာ
မျက်စီကန်းခြင်းထက်ဆိုးတဲ့
အသိတရားကန်းသူ
စစ်အစိုးရကို
တိုက်ခတ်နေဆဲပါ
စစ်မှန်တဲ့အမှန်တရားကို
ဖုန်းကွယ်ပြီး
အာဆီယံ ရဲ့
အကြွပ်ဆပ်ဆုံး
ဂတိစကားတွေလည်း
အကြိမ်ကြိမ် ကျိုးပျက်လို့
ချွက်ဆေး ဆိုတဲ့
အမျိုးအစားများ ရှိပါအုံးမလား
အေးလေ -
သကာယ အညှိအနံ့တွေ
မွန်းကြပ်နေတဲ့
နှလုံးထွက်ပေါက်များအတွက်
ရှိပါအုံးမလား
အမိမြန်မာပြည်ကိုယ်
ခေါင်းလောင်းသံချိုချိုနဲ့
အတွေးသစ်ပြီး
ဇာတ်သိမ်းပေးလိုက်ချင်ပါရဲ့
မှတ်ချက် ။ ။ ။
သူငယ်ချင်းတို့ရေ ဒီကဗျာကမိုးညရေးထားတာမဟုတ်ဘူး
မိုးညကြိုက်လို့တင်ပေးလိုက်တာပါ
သူငယ်ချင်းတို့တွေလည်းကြိုက်မယ်လို့ထင်ပါတယ်
မိုးညခံစားရသလို သူငယ်ချင်းများကိုယ်လည်းခံစားစေချင်လို့ပါနော်
မိုးည
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ငါတို့ ရင်ထဲခံစားနေရတဲ့
သောကတွေ
တောတောင်ရေမြေ
နေရာမရွေး
အေးချမ်းနေပါလျက်
ပြေးလွှားနေရတဲ့
ငါတို့ဘ၀တွေ
ဒုက္ခတွေ
နေ့စဉ်နေမှ
ခံစားနေရတဲ့
ဝေဒနာတွေ
ဘယ်တော့ပြေမှာလည်း
အိုးအိမ်ရှိပါလျက်နဲ့
ပြေးလွှားရတဲ့
ငါတိုတွေရဲ့ဘဝ
ခံစားနေရတဲ့ ဝေဒနာ
ရင်ထဲ ပေါက်ကွဲ
ဒီလိုမျိုး နေ့ရက်တွေ
ဘယ်တော့ ကုန်မလဲ
ငြိမ်းချမ်း ခြင်းတွေ
ဘယ်တော့ရနိုင်မလဲ
ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

ရွက်ဟောင်းကြွေ လို့
ရွက်သစ်တွေ ဝေ
နှစ်တွေ ကုန်လို့
ရာသီတွေ အလီလီပြောင်း
မမေ့ခဲ့တဲ့ နေ့တွေ
ဝေးကွာခဲ့ မိသားစု
ပြန်ဆုံ မလားလို့
မျှော်လင့်မိတယ်
ဒါပေမရ့် ဒီလိုနဲ့ပဲ
အချိန်တွေတာ ကုန်လာတယ်
မဖြစ်နိုင်မှန်း သိရဲ့နဲ့
မျှော်လင့်မိတယ်
နှောင်တချိန် ပြန်ဆုံမလားလို့
တောင်းတမိတယ်
ဘာကြောင့် ဒို့တွေရဲ့
ဘ၀တွေ ဖြစ်ရတာလဲဆိုတော့
ဒီနအဖတွေကြောင့်လို့
အတွေးတွေ ပေါ်လာတယ်
စီးပွားရေးက အစဉ်မပြေ
အုပ်ချုပ်မူက မကောင်း
ဖိနှိပ်မူတွေကများ
နှောင်သံသရာ အဆက်ဆက်
ဒိလိုမျိုးဘ၀တွေ
မရောက်ရပါစေနဲ့လို့
ဆုတောင်းရင်း
ရေးသားသူ ( မိုးည )
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
အောင်လံမလဲထောင်နေလျက်ပါခွပ်ဒေါင်းစိတ်ဓာတ်ကြံ့ကြံ့ခံတဲ့ငါတိုဒေါင်းတမန်လာပြီနော်ရဲစွမ်းသတ္တိဒို့ကျောင်းသားခွပ်ဒေါင်းလိုမျိုးစိတ်ဓာတ်တွေနဲ့အနိုင်မခံအရှုံးမပေးတိုက်ပွဲတွေလည်းနွှဲရမှာပဲဧကန်မုချအောင်ရမည်ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ခံစားရတဲ့ ဝေဒနာ
ရင်မှာနာကျင်
စူးရှနေလည်း
နေညှိချိန်ဆို
တထောက်တနား
ပြန်ကြရတဲ့
ငှက်တွေလိုပဲ
လွတ်လပ်ခွင့်တွေ
ရချင်လည်းပဲ
မရခဲ့တဲ့
လူအခွင့်အရေးလည်း
ဆုံးရှုံးပြန်တော့
ငါတာလူပါ
ငါတာလူကြီး
ငါတာဘုရင်ဆိုပြီး
လုပ်ချင်သလိုလုပ်ပြီး
လူသားတွေရဲ့
လူအခွင့်အရေးတွေကို
ပိတ်ပင်နေတဲ့
အမျိုးရုပ်တွေ
ဘယ်တော့အခါမှ
ကမ္ဘာမကြေဘူး
ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...