Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, April 17, 2008

မန္တလေးတိုင်း ကျေးရွာတချို့ ဆန္ဒခံယူပွဲအတွက် ငွေကောက်ခံနေရ

နယူးဒေလီ။ ။ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒေသ အာဏာပိုင်များက လူထုဆန္ဒ ခံယူပွဲအတွက် ဆိုကာ ဒေသခံများထံမှ ငွေကြေး ကောက်ခံမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ၃ ပတ်ခန့်ကတည်းက မန္တလေးတိုင်း သာစည်နှင့် မိတ္ထီလာ မြို့နယ်များရှိ ကျေးရွာများကို ဒေသ အာဏာပိုင်များက မဲရုံဆောက်ရန်နှင့် လူထုဆန္ဒ ခံယူပွဲအတွက်ဟု ဆိုကာ ငွေကောက်ခံနေခြင်း ဖြစ်သည်။

သာစည်မြို့နယ်ရှိ လှိုင်းတက်၊ ယင်းမာပင်၊ ဟန်ဇားကျေးရွာ အပါအဝင် ရွာငယ်အချို့တွင် တအိမ်ထောင်လျှင် ငွေကျပ် ၃ဝဝ နှုန်း ကောက်ခံနေပြီး ထည့်ဝင်ခြင်း မရှိသည့် အိမ်ထောင်စုများကို ၅ဝဝ ကျပ် ပေးရမည်ဟုဆိုကာ အတင်းအကျပ် ကောက်ခံနေသည်ဟု သာစည်မြို့ခံ တဦးက ပြောသည်။

သူက “မဲရုံဆောက်ဖို့၊ မဲရုံအတွက် စာရွက်စာတမ်းကြေး ဆိုပြီး ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက လာကောက်နေတာ။ အစိုးရဆီကပဲ တောင်းရမှာပေါ့။ အခုတော့ ဘာမှမသိတဲ့ ရွာသားတွေကို လိမ်ပြီး ကောက်နေတာ” ဟု ပြောသည်။

မိတ္ထီလာမြို့နယ်ရှိ အလယ်ရွာတိုက်နယ် မြောက်လည်အုပ်စု အတွင်းရှိ ရွာများတွင် ဒေသ အာဏာပိုင်များကလည်း တအိမ်ထောင် ငွေ ၃ဝဝ ကျပ် ကောက်ခံနေပြီး မြို့ပေါ်ရှိ အိမ်ထောင်စုများကို ကျပ် ၅ဝဝ အထိ သတ်မှတ်ပြီး တောင်းခံနေသည်။

ဆန္ဒခံယူပွဲအတွက် ငွေကြေးကောက်ခံရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအတွက်ပါ ကျပ်ငွေ ၁ဝဝ ကျပ် မဖြစ်မနေ ပေးနေရသည်ဟု မိတ္ထီလာ မြို့ခံတဦးက ပြောသည်။

“သူတို့က မဲစာရင်းကောက်တယ် ဆိုပြီး အိမ်ပေါ်တက်လာတယ်။ စာရင်းကောက်ရင်းနဲ့ တခါထဲ မဲရုံတွေ ဆောက်ဖို့၊ မဲစာရင်း စာရွက်စာတမ်းအတွက် ဆိုပြီး ပိုက်ဆံ ကောက်သွားတာပဲ။ လူတွေကလည်း ဘာမှန်းတောင် မသိရဘဲ ပေးလိုက်ရတာ” ဟု မိတ္ထီလာမြို့ခံက ပြောသည်။

မဇ္ဈိမသတင်းဌာန

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Blogspot Template by Isnaini Dot Com