Tuesday, June 3, 2008

မေမေသား


မေမေသား


မေမေ့သား သေဆုံးခြင်းဟာ

ခြင်တကောင် သေဆုံးခြင်းမျိုး မဟုတ်ဘူး

ကျိုင်းကောင်တကောင် သေဆုံးခြင်းမျိုး

မဟုတ်ဘူး ………

နွားတကောင် သေဆုံခြင်းမျိုးဖြစ်တယ်

မေမေ့အတွက် သားတယောက်ဆုံးရှုံးခဲ့မဲ့

မေမေများစွာအတွက်

သားကျေးဇူးဆပ်ခဲ့ပါတယ် မေမေ

မငိုပါနဲ့  အားတင်းပြီး ပြုံးလိုက်ပါ။

မေမေ့သွေး အဖေ့ကိုပွား မေမေ့သားမှာ

မေမေ့ စိတ်ဓာတ် အပြည့်ရှိတယ်………

ဖိနှိပ်ခံရသူတွေရဲ့  မျက်ရည်ကို ဆည်းပိတ်

တို်င်းပြည်အတွက် အသုံးပြုနိုင်အောင်

စီစဉ်ပေးပါ အမေ

ဟော… မေမေ ငိုနေပြန်ပြီ

သားမတားတော့ဘူး မေမေ

မေမေ မြိုသိပ်မထားပါနဲ့ 

ကြုံးဝါးပြီး အော်လိုက်စမ်းပါ..

မေမေ့ရဲ့….အနမ်းတချက်

သား……တောင်းတမိတယ် မေမေ

သားကို ..အမျှမဝေ သာဓုမခေါ်ပါနဲ့ 

မေမေရဲ့ ရင်ခွင်ထဲမှာ

သားနေချင်သေးတယ်

တိုင်းပြည်ငြိမ်းချမ်းတဲ့တနေ့ မှ

သားအတွက် အမျှဝေပါ

မေမေရယ်

တောတွင်းတနေ့ရာကပေးပို့တဲ့ကဗျာလေးပါ။

မိုးညသူငယ်ချင်းပေးပို့ပေးသည်ကဗျာပါ

ကြိုက်မယ်လို့လည်းထင်ပါတယ်မိုးညတင်ပေး

လိုက်တာပါ

.... the rest of the template goes here...

1 အမြင်လေးတွေဝေမျှခဲ့ကြပါ:

Welcome said...

မိသားစုတိုင်း စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင် နဲ့ အတူတကွ နေထိုင်သွားနိုင်ကြပါစေဗျာ..


Blogspot Template by Isnaini Dot Com