Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

Friday, June 13, 2008

BVA ဖွဲ့စည်းခြင်း

မြန်မာ့စေတနာ့ဝန်ထမ်းအသင်း
BURMA VOLUNTEERS ' ASSOCIATION
E-mail; thihathena@yahoo.com

BVA ၏ ထုတ်ပြန်ကြေငြာချက် ( ၁၀ / ၂၀၀၈ )
နေ့စွဲ။ ။ ၂၀၀၈ ခုနှစ် ၊ ဇွန်လ ( ၁၀ ) ရက်

အမိမြန်မာပြည်နှင့် ခွဲခွာလျက် သူတပါးနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရပ်တည်နေကြသော မြန်မာပြည်သား များအား ချစ်ခင်လေးစား ရိုင်းပင်းကူညီသည့် " Burma Volunteer's Association ( BVA ) " ကို ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်းထုတ်ပြန်ကြေငြာ အပ်ပါသည် ။
မြန်မာနိုင်ငံတွင် စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ မိသားစုများ ၀င်ငွေ ထွက်ငွေ မမျှ တမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ စသည့် ဘ၀ရပ်တည်ရေး အခက်အခဲများကြောင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံ သို့ အများအပြား ၀င်ရောက်အလုပ်လုပ်ကိုင်ကြလျက်ရှိသည် ။ ထို့အပြင် နေ့စဉ်နှင့်အမျှ မြန်မာပြည်သားများ အလုပ် အကိုင်ရှာဖွေရရှိရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်နေထိုင်လျက် ရှိကြသည် ။ ထိုသို့သူတပါး တိုင်းပြည်တွင် မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော အခက်အခဲ ၊ပြဿနာ ၊ အရေးကိစ္စ များကို ကောင်းမွန် စွာဝိုင်းဝန်းကူညီဖြေရှင်းပေးရန် လိုအပ်သည်များကို မကြာခဏတွေ့ကြုံ ကြားသိနေရသဖြင့် ထိုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် BVA ဖွဲ့စည်းပေါ်ပေါက်လာရပေသည် ။
BVA သည် မြန်မာပြည်သားများ၏ အခက်အခဲများ ပြဿနာများ ၊အရေးကိစ္စများ ၊မတော်မတရားပြုခံရမှု များ တို့ကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည် ။

BVA သည် မြန်မာပြည်သားများ
- အကျင့်စာရိတ္တ မြင့်မားကောင်းမွန်စွာဖြင့် အမျိုးဂုဏ် ၊ဇာတိဂုဏ် ၊ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်
- အသိအမြင် အတွေးအခေါ် တိုးတက်မြင့်မား လာစေရန်
- အမျိုးသားရေးစိတ်ဓါတ် နိုးကြားတက်ကြွ လာစေရန်
ဟူသော ရည်ရွယ်ချက်များထားရှိပြီး ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်
ကြေငြာအပ်ပါသည် ။



ဦးဆောင်မှု ကော်မတီ
မြန်မာ့စေတနာ့ ၀န်ထမ်းအသင်း (BVA)

ဆက်သွယ်ရန် … ဖုန်း : 087 2027 932

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Sunday, May 11, 2008

အမြန်ကူညီပါ


မုန်တိုင်းဘေးကို အမျိုးသားရေးအသိနဲ့ကူညီပါ

မေလ ၂ရက်နေ့က စတင်တိုက်ခတ်သွားခဲ့သည့် နာဂစ်ဆိုင်ကလုံး

မုန်တိုင်းကြီးကြောင့် ရန်ကုန်တိုင်းအပါအ၀င် လပ္ပတာ၊ဘိုကလေး၊

ဟိုင်းကြီးကျွန်း၊မော်လမြိုင်ကျွန်း၊ဒေးဒရဲ၊ကွမ်းခြံကုန်း၊ပုသိမ်နှင့်

မြစ်ဝကျွန်းပေါ်မြို့များ၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင်

အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂သိန်းနီးပါး သေဆုံးကာ

လူတသန်းကျော်မှာ အစာရေစာ မရှိမှု၊ ငတ်မွတ်ခေါင်းပါးမှု၊အမိုးအကာမဲ့မှု

ကယ်သူ ကူသူ ကင်းမဲ့လျှက် မုန်တိုင်းလွန်ကူးစက်ရောဂါများ စတင်ဖြစ်ပွားလျက်

ရှိနေပြီး နအဖစစ်အာဏာပိုင်များ၏ ဥပေက္ခာပြုမှု။လစ်လျုရှုမှုများ

ကြုံတွေ့ရင်ဆိုင်နေကြရပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၊နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာပြည်သူများမှအကူအညီများ

ပေးလှူလိုကြောင်း နအဖစစ်အာဏာပိုင်များအား အကြောင်းကြား

မေတ္တာရပ်ခံသော်လည်း မုန်တိုင်းဒဏ်ခံမြန်မာပြည်သူလူထုကြီး ထိခိုက်ကြေကွဲဖွယ်

ဒုက္ခဆင်းရဲဖြင်းဝေဒနာအား ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ငြင်းပယ်နေသည်မှာ

ရွံရှာနာကျည်း၊စက်ဆုတ်ဖွယ်ကိစ္စဖြစ်ပါသည် ။လူစိတ်အနည်းအကျဉ်းမှ

မရှိခြင်းလည်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်ပနိုင်ငံများရောက် မြန်မာပြည်သား

ညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့အမျိုးသားရေးကိစ္စ၊

မိသားစုဝင်များကိစ္စ၊လူသားချင်းစာနာမှုကိစ္စများအဖြစ်ခံယူပြီး

မေတ္တာ စေတနာ ကရုဏာတရားများဖြင့် ၀ိုင်းဝန်းကူညီ

စောင့်ရှောက်ပေးပါရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

ပြည်တွင်းပြည်ပရှိ လူမှုအဖွဲ့အစည်းများမှလည်း ထောက်ပံ့ကူညီမှုများ

တောင်းခံလက်ခံနေကြပါသည်။ အောက်ဖော်ပြပါအဖွဲ့အစည်းများအပါအ၀င်

နီးစပ်ရာလူမှုအဖွဲ့အစည်းများ၊ဘာသာရေးအဖွဲ့အစည်းများနှင့်

နိုင်ငံရေးအဖွဲ့အစည်းများထံသို့ ငွေကြေး၊ စားသုံးကုန်၊ လူသုံးကုန်

ဆေးဝါး၊ အ၀တ်အထည်များ ဆက်သွယ်ပေးပို့လှူဒါန်းကြစေလိုပါသည်။

ဆက်သွယ်ပေးပို့လှူဒါန်းရန်

Mae Taw Clinic (မယ်တော်ဆေးခန်း)

0844915854

ABSDF (ကျောင်းသားတပ်မတော်)

0862140161

88 Generation Students Exile

(ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ)

0853475243

YCOWA (ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့)

0895659899

BLSO (အလုပ်အမားများသွေးစည်းညီညွှတ်ရေးအဖွဲ့)

055542376

JACAB (မြန်မာပြည်အရေးပူးတွဲလှုပ်ရှားမှုကော်မတီ)

0843806598

BMA (မြန်မာသတင်းသမဂ္ဂ)

0845474295

T4T (သီးလေးသီး ဆေးရောင်စုံမောင်နှမများ)

0839845935

AHARASAZAUNG (အာဟာရစာစောင်ဝိုင်းတော်သားများ)

001 81 90 5526 5507

လူကြီးမင်းတို့အနေဖြင့် တဆင့်ဖြန့်ဝေပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။။

ကျေးဇူးတင်စွာဖြင့်

သူငယ်ချင်းတစ်ယောက်မှကူးယူဖော်ပြထားသည်။ ။

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Blogspot Template by Isnaini Dot Com