Wednesday, July 2, 2008


အချစ်ဆုံးသူငယ်ချင်း


မျှော်လင့်မထားပဲ

ဆုံတွေ့ခဲ့ရ

ဆန်ကြယ်လှတဲ့

တွေ့ဆုံမှု

သံယောဇဉ်တွေ

တယောက်နဲ့တယောက်

အတူတူရှိပါလျှက်နဲ့

ဝေးကွားခဲ့ပြန်ပြီပေါ့နော်

ကံမကုန်ရင်ပြန်ဆုံအုံးမယ်

သူငယ်ချင်းရယ်



အချစ်ဆုံးသူငယ်ချင်းအတွက်ပေးပို့ပေးလိုက်ပါတယ်နင်တာငါကိုယ်သတိမရတာငါ

ကတော့သတိရတယ်နော်သူငယ်ချင်း

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...


ဟိုးအဝေးက အမေ့ဆုတောင်းသံ


ဟိုးအဝေးတနေရာက………….

ဟက်ပီဘက်ဒေး သားလေးရေ

အမေအိုးရဲ့ ဆုတောင်းသံကို

အင်တာနက်မလို ဖုန်းမလိုဘဲ

ကျနော့် နှလုံးသားထဲက ကြားလိုက်ရတယ် ။

ဒီနေ့လည်း မနက်စောစော ဘုရားမှာ

သားအတွက် ဆုတောင်းနေမယ့်

အမေ့ရဲ့ ရုပ်လွှာကို ၀ပ်ဘ်ကန် (ကင်မရာ)မပါ

ဂြိုလ်တုတွေမလိုဘဲ

ကျနော်ရဲ့ မနောစက္ကုထဲမှာ

ထင်ဟပ်လို့ မြင်မက်မိတယ် အမေ့…......

သားအတွက် ရည်စူးပြီးလုပ်တဲ့

ကုသိုလ်ကောင်းမှုတွေရဲ့

သာဓုခေါ်သံတွေနဲ့ ကြေးစည်ထိုးသံတွေဟာ

မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး

သာဓုခေါ်သံတွေနဲ့ ကြေးစည်ထိုးသံတွေသာ

မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး

ကျနော့်ရဲ့ နှလုံးအိမ်မှာ လာရောက်လို့ရိုက်ခတ်မိတယ် …

လွမ်းတယ် မေမေ… လွမ်းတယ်

ယောက်ခမဆန်တဲ့ အကြည့်တွေကိုမြင်တိုင်း

အေးမြလှတဲ့ မေ့ရဲ့ အကြင်နာမျက်ဝန်းတွေကို လွမ်းတယ်

ချစ်ရေစင် သီချင်းကိုနားထောင်တိုင်း

ငယ်စဉ်ကာလ ဟိုတချိန်ခါက ဆိုငြီးနေတဲ့

အမေ့ရုပ်လွှာကို မြင်ယောင်မိပြီး

တမ်းတလို့ လွမ်းလျှမိတယ် အမေ …..

အခု ….. အပြင်မှာ မိုးတွေရွာနေတယ် အမေ

မဟုတ်ဘူး …..

မိုးကရွာနေတာမဟုတ်ဘူး တိမ်တွေငိုနေတာ

ဟုတ်တယ် ……….

လူငယ်လေးတယောက်က သူ့အမေကို လွမ်းဆွတ်နေတာကို

ကောင်းကင်ကြီးက မကြည့်ရက်လို့ ငိုနေတာ ၊

ဟုတ်တယ်……

ကျနော့်ရင်ထဲမှာလည်း မိုးတွေငိုနေတယ်

အလွမ်းမိုးတွေ……….

ဒီအချိန်ဆို အိမ်မှာ အမေအိုလည်း

သားကို တမ်းတတဲ့စိတ်နဲ့ နွမ်းလျှလို့ ပူပန်နေရှာရော့မယ် ။



မိုးညသူငယ်ချင်းတယောက်ပို့ပေးလိုက်တယ်ကဗျာလေးပါကြိုက်မယ်လို့လည်းထင်ပါတယ်တင်ပေးလိုက်တာပါ

ဟီး ဟီး…….မိုးညပျင်းနေလို့မရေးဖြင့်သေးဘူးလေသူငယ်ချင်းတွေပေးပို့တဲ့ကဗျာပဲတင်ထားပေးတယ့်

ဒီင်္ကဗျာရဲ့ကလောင်ရှင်ကတော့မိုးသောက်ကြယ်ပေးပို့တဲ့ကဗျာလေးပါ

မိုးညလေးဒီရက်ပိုင်းအတွင်းစာလေးတွေမရေးနိုင်သေးပါပျင်းတာလည်းပါတာပေါ့နော်

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Friday, June 13, 2008

BVA ဖွဲ့စည်းခြင်း

မြန်မာ့စေတနာ့ဝန်ထမ်းအသင်း
BURMA VOLUNTEERS ' ASSOCIATION
E-mail; thihathena@yahoo.com

BVA ၏ ထုတ်ပြန်ကြေငြာချက် ( ၁၀ / ၂၀၀၈ )
နေ့စွဲ။ ။ ၂၀၀၈ ခုနှစ် ၊ ဇွန်လ ( ၁၀ ) ရက်

အမိမြန်မာပြည်နှင့် ခွဲခွာလျက် သူတပါးနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရပ်တည်နေကြသော မြန်မာပြည်သား များအား ချစ်ခင်လေးစား ရိုင်းပင်းကူညီသည့် " Burma Volunteer's Association ( BVA ) " ကို ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်းထုတ်ပြန်ကြေငြာ အပ်ပါသည် ။
မြန်မာနိုင်ငံတွင် စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ မိသားစုများ ၀င်ငွေ ထွက်ငွေ မမျှ တမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ စသည့် ဘ၀ရပ်တည်ရေး အခက်အခဲများကြောင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံ သို့ အများအပြား ၀င်ရောက်အလုပ်လုပ်ကိုင်ကြလျက်ရှိသည် ။ ထို့အပြင် နေ့စဉ်နှင့်အမျှ မြန်မာပြည်သားများ အလုပ် အကိုင်ရှာဖွေရရှိရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်နေထိုင်လျက် ရှိကြသည် ။ ထိုသို့သူတပါး တိုင်းပြည်တွင် မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော အခက်အခဲ ၊ပြဿနာ ၊ အရေးကိစ္စ များကို ကောင်းမွန် စွာဝိုင်းဝန်းကူညီဖြေရှင်းပေးရန် လိုအပ်သည်များကို မကြာခဏတွေ့ကြုံ ကြားသိနေရသဖြင့် ထိုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် BVA ဖွဲ့စည်းပေါ်ပေါက်လာရပေသည် ။
BVA သည် မြန်မာပြည်သားများ၏ အခက်အခဲများ ပြဿနာများ ၊အရေးကိစ္စများ ၊မတော်မတရားပြုခံရမှု များ တို့ကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည် ။

BVA သည် မြန်မာပြည်သားများ
- အကျင့်စာရိတ္တ မြင့်မားကောင်းမွန်စွာဖြင့် အမျိုးဂုဏ် ၊ဇာတိဂုဏ် ၊ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်
- အသိအမြင် အတွေးအခေါ် တိုးတက်မြင့်မား လာစေရန်
- အမျိုးသားရေးစိတ်ဓါတ် နိုးကြားတက်ကြွ လာစေရန်
ဟူသော ရည်ရွယ်ချက်များထားရှိပြီး ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်
ကြေငြာအပ်ပါသည် ။



ဦးဆောင်မှု ကော်မတီ
မြန်မာ့စေတနာ့ ၀န်ထမ်းအသင်း (BVA)

ဆက်သွယ်ရန် … ဖုန်း : 087 2027 932

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Tuesday, June 3, 2008

မေမေသား


မေမေသား


မေမေ့သား သေဆုံးခြင်းဟာ

ခြင်တကောင် သေဆုံးခြင်းမျိုး မဟုတ်ဘူး

ကျိုင်းကောင်တကောင် သေဆုံးခြင်းမျိုး

မဟုတ်ဘူး ………

နွားတကောင် သေဆုံခြင်းမျိုးဖြစ်တယ်

မေမေ့အတွက် သားတယောက်ဆုံးရှုံးခဲ့မဲ့

မေမေများစွာအတွက်

သားကျေးဇူးဆပ်ခဲ့ပါတယ် မေမေ

မငိုပါနဲ့  အားတင်းပြီး ပြုံးလိုက်ပါ။

မေမေ့သွေး အဖေ့ကိုပွား မေမေ့သားမှာ

မေမေ့ စိတ်ဓာတ် အပြည့်ရှိတယ်………

ဖိနှိပ်ခံရသူတွေရဲ့  မျက်ရည်ကို ဆည်းပိတ်

တို်င်းပြည်အတွက် အသုံးပြုနိုင်အောင်

စီစဉ်ပေးပါ အမေ

ဟော… မေမေ ငိုနေပြန်ပြီ

သားမတားတော့ဘူး မေမေ

မေမေ မြိုသိပ်မထားပါနဲ့ 

ကြုံးဝါးပြီး အော်လိုက်စမ်းပါ..

မေမေ့ရဲ့….အနမ်းတချက်

သား……တောင်းတမိတယ် မေမေ

သားကို ..အမျှမဝေ သာဓုမခေါ်ပါနဲ့ 

မေမေရဲ့ ရင်ခွင်ထဲမှာ

သားနေချင်သေးတယ်

တိုင်းပြည်ငြိမ်းချမ်းတဲ့တနေ့ မှ

သားအတွက် အမျှဝေပါ

မေမေရယ်

တောတွင်းတနေ့ရာကပေးပို့တဲ့ကဗျာလေးပါ။

မိုးညသူငယ်ချင်းပေးပို့ပေးသည်ကဗျာပါ

ကြိုက်မယ်လို့လည်းထင်ပါတယ်မိုးညတင်ပေး

လိုက်တာပါ

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Monday, June 2, 2008

ကဗျာ


ပန်းတို်င်

မျှော်လင့်မိတယ်

စိတ်ကုးယဉ်နဲ.

လက်တွေ.ဆင်းဖို.အားမွေးရင်း

အလင်းတန်းလေးမြင်ရပြီး

တက်ကြွစွာနဲ.ချီတက်ကြ

တောင်တန်းကြီးငေးရင်း

စိတ်ကုးယဉ်ပြင်

လက်တွေ.ကိုအသုံးချ

အမိမြန်မာနိုင်ငံတော်

လူသားတိုင်းလွတ်မြောက်ရေး

ကြိုးစားပေးရင်း

ကြောက်စိတ်ကိုဖယ်

ရဲစိတ်တင်းလျှက်

ဆောင်ရွက်သွားမည်

ဧကန်မုချအောင်ရမည်။

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Sunday, May 18, 2008

စေညွန်ရာ


စေညွှန်ရာ

အဝေးကို မင်းထွက်သွား

ကျန်သူရင်မှာဘာတွေဖြစ်လည်း

မင်းမှမသိတာကွာ

မင်းရဲ့စကားတွေ

ပြောချင်ရာပြောပြီ

မင်းကထွက်သွားပြီလေ

ငါမှာကခံစားရပြီ

ကျန်ရစ်သူမှာ

အမုန်းတွေပိုက်ပြီး

နေရတာမင်းမှမသိတာ

အေးလေ…မင်းတယောက်

စိတ်ချမ်းသာရင်တော်ပါပြီ

အရာအားလုံးဟာ

ကံကြမ္မာရဲ့စေညွှန်ရာပေါ့လေ

မဆုံနိုင်သည့်တိုင်……………….

…………………………….?

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Wednesday, May 14, 2008

အခြားတယောက်


အခြားတယောက်

အခြားတစ်ယောက်ကို ငါအချစ်ရှာ

မင်းကိုလေမေ့ထားပြီးငါ

တွေ့ပြီကော အချစ်သစ်မှာ

မင်းလိုဘဲအကျင့်စရိုက်ပါ

ဟာ..ငါ့မှာတော့ ကံဆိုးလိုက်တာ

တွေ့ဆုံခင်ခဏမှာ

မင်းရဲ့ ယုယမှုတွေကို

ခံချင်တယ်

ဒါပေမရ့် မင်းရဲ့

………………….

တွေကိုဘဲခံစားနေရတယ်

ငါ မင်းကိုချစ်တယ်

မင်သိနိုင်မသိနိုင်

ငါကတော့ဆက်ချစ်နေမယ်

မင်းနားလည်နိုင်အောင်ပေါ့

ငါမမျှော်လင့်ပါဘူး

မင်းအချစ်အတွက်

ငါခံစားရတာကိုငါအသိဆုံးပါ

ငါကချစ်နေခွင့်ရတာကို

ပျော်နေမရ့်သူပါ

မင်းမုန်းသွားလည်းကျေနပ်ပါတယ်

ငါတွေ့တဲ့မင်းလေးတစ်ယောက်ဟာ

အမှန်တကယ်ချစ်တက်မယ်ဆိုရင်

ငါကျေနပ်ပါတယ်

ဒါပေမရ့်ဖြစ်လာမှာမဟုတ်ပါဘူး

ငါဆွေးနေချိန်မှာသူက

အခြားသူတစ်ယောက်ကို စဉ်းစားနေမှာပါ

တစ်ပါးသူရဲ့ခံစားချက်ရေးသားထားသည်။

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Tuesday, May 13, 2008

ကဗျာ

တော်ပြီ

လမ်းမှားတွေကိုလျှောက်

မင်းသတိထား

လူပေါင်းမှားနေတော့

ငါပြောရင်အပြစ်မြင်ပေါ့

ငါကလည်းမင်းစိတ်ဆိုးမှာကိုကြောက်နေပေါ့

ဒါဆိုမင်း ဘ၀ဘာဖြစ်မလဲ

စဉ်းစား ..ပြီးတော့မှ

နောင်တတွေမရနဲ့

ငါပြောတဲ့စကား

မှန်တယ်ထင်ရင်လက်ခံ

မင်းကိုချစ်နေလို့ သတိပေးတာ

လက်ခံပါ စိတ်ကူးမမှားနဲ့

မင်းအမြင်မှန်ရလို့ တောင်းပန်ချင်

ဘုရားစင်ရှေ့မှာ ဒူးထောက်လို့

ကျိမ်ဆိုပါ

မင်းအကြောင်းကတော့

ငါပြောတာကို ဂဏန်းတစ်ကောင်လို

ကန့်လတ်တိုက်ပြီး

လိုတာရှိရင် ငါ့ကို

ကပ်စီးနဲ လို ချွဲ

မင်းကပဲပြောပေါ့

ဟန်ဆောင်ပြီဆိုလဲ

ပြုတ်လိုတဲ့ ပဲလိုဘဲ

မင်းပုံက မရဲသလိုနဲ့

နောက်ပြီးငါ့ကို ဆားနဲ့ဘဲ

စားမယ်ဆိုတဲ့ အသိဝင်ခဲ့

မင်းအချစ်က ငါ့အတွက်

ကုတ်နေရတဲ့ ၀ဲလိုဘဲ

ငါကို ကြိုးရှည်ရှည်နဲ့ လှန်ပြီး

အချိန်ဆွဲနေခဲ့

ငါ့ မှာတော့

အချိန်ကုန်ခံပြီး ရုန်းနေရတဲ့

နွားတစ်ကောင်ပဲ

ငါရေးတဲ့ စာသားတွေမှာ

မင်းက ကာရန်တိုင်းရဲ့ဥာဏ်ကြီးရှင်

ငါ မင်းအကြောင်းတွေ ဆက်မရေးချင်

ဒီဘ၀နဲ့ဒီမျှသာပဲ ဖြတ်ထားချင်

တော်ပြီ…………………၊

တစ်ပါးသူရဲ့ခံစားချက်ကိုရေးသားထားသည်။

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Sunday, May 11, 2008

အမြန်ကူညီပါ


မုန်တိုင်းဘေးကို အမျိုးသားရေးအသိနဲ့ကူညီပါ

မေလ ၂ရက်နေ့က စတင်တိုက်ခတ်သွားခဲ့သည့် နာဂစ်ဆိုင်ကလုံး

မုန်တိုင်းကြီးကြောင့် ရန်ကုန်တိုင်းအပါအ၀င် လပ္ပတာ၊ဘိုကလေး၊

ဟိုင်းကြီးကျွန်း၊မော်လမြိုင်ကျွန်း၊ဒေးဒရဲ၊ကွမ်းခြံကုန်း၊ပုသိမ်နှင့်

မြစ်ဝကျွန်းပေါ်မြို့များ၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင်

အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂သိန်းနီးပါး သေဆုံးကာ

လူတသန်းကျော်မှာ အစာရေစာ မရှိမှု၊ ငတ်မွတ်ခေါင်းပါးမှု၊အမိုးအကာမဲ့မှု

ကယ်သူ ကူသူ ကင်းမဲ့လျှက် မုန်တိုင်းလွန်ကူးစက်ရောဂါများ စတင်ဖြစ်ပွားလျက်

ရှိနေပြီး နအဖစစ်အာဏာပိုင်များ၏ ဥပေက္ခာပြုမှု။လစ်လျုရှုမှုများ

ကြုံတွေ့ရင်ဆိုင်နေကြရပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၊နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာပြည်သူများမှအကူအညီများ

ပေးလှူလိုကြောင်း နအဖစစ်အာဏာပိုင်များအား အကြောင်းကြား

မေတ္တာရပ်ခံသော်လည်း မုန်တိုင်းဒဏ်ခံမြန်မာပြည်သူလူထုကြီး ထိခိုက်ကြေကွဲဖွယ်

ဒုက္ခဆင်းရဲဖြင်းဝေဒနာအား ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ငြင်းပယ်နေသည်မှာ

ရွံရှာနာကျည်း၊စက်ဆုတ်ဖွယ်ကိစ္စဖြစ်ပါသည် ။လူစိတ်အနည်းအကျဉ်းမှ

မရှိခြင်းလည်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်ပနိုင်ငံများရောက် မြန်မာပြည်သား

ညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့အမျိုးသားရေးကိစ္စ၊

မိသားစုဝင်များကိစ္စ၊လူသားချင်းစာနာမှုကိစ္စများအဖြစ်ခံယူပြီး

မေတ္တာ စေတနာ ကရုဏာတရားများဖြင့် ၀ိုင်းဝန်းကူညီ

စောင့်ရှောက်ပေးပါရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

ပြည်တွင်းပြည်ပရှိ လူမှုအဖွဲ့အစည်းများမှလည်း ထောက်ပံ့ကူညီမှုများ

တောင်းခံလက်ခံနေကြပါသည်။ အောက်ဖော်ပြပါအဖွဲ့အစည်းများအပါအ၀င်

နီးစပ်ရာလူမှုအဖွဲ့အစည်းများ၊ဘာသာရေးအဖွဲ့အစည်းများနှင့်

နိုင်ငံရေးအဖွဲ့အစည်းများထံသို့ ငွေကြေး၊ စားသုံးကုန်၊ လူသုံးကုန်

ဆေးဝါး၊ အ၀တ်အထည်များ ဆက်သွယ်ပေးပို့လှူဒါန်းကြစေလိုပါသည်။

ဆက်သွယ်ပေးပို့လှူဒါန်းရန်

Mae Taw Clinic (မယ်တော်ဆေးခန်း)

0844915854

ABSDF (ကျောင်းသားတပ်မတော်)

0862140161

88 Generation Students Exile

(ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ)

0853475243

YCOWA (ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့)

0895659899

BLSO (အလုပ်အမားများသွေးစည်းညီညွှတ်ရေးအဖွဲ့)

055542376

JACAB (မြန်မာပြည်အရေးပူးတွဲလှုပ်ရှားမှုကော်မတီ)

0843806598

BMA (မြန်မာသတင်းသမဂ္ဂ)

0845474295

T4T (သီးလေးသီး ဆေးရောင်စုံမောင်နှမများ)

0839845935

AHARASAZAUNG (အာဟာရစာစောင်ဝိုင်းတော်သားများ)

001 81 90 5526 5507

လူကြီးမင်းတို့အနေဖြင့် တဆင့်ဖြန့်ဝေပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။။

ကျေးဇူးတင်စွာဖြင့်

သူငယ်ချင်းတစ်ယောက်မှကူးယူဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Wednesday, May 7, 2008

ပေးဆပ်မူ


ပေးဆပ်မူ

ပေးဆပ်မူ နဲ့ ရယူခြင်းတာ

နှိုင်းယှဉ်ရင်

ငါဘာတွေများ မင်းဆီက

ရခဲ့လို့လဲ

မင်းဘာတွေများ

ပေးဆပ်ခဲ့လို့လဲ

မင်းငါ့ကို တစ်သက်စာဘဲ

ချစ်တာပါလို့ ပြောခဲ့တာ

စကားပါပဲ


ပြောခဲ့တာလဲ

စကားပါပဲ

လက်တွေ့ကငါ့ဘ၀မှာ ရှိမှမရှိတာပဲ

ထင်တာနဲ့ဖြစ်တာတွေ

ပြောခဲ့တာနဲ့လက်တွေ့မှာ

မမှန်ဘဲမှား

ငါ့ဘက်ကသည်းခံခဲ့တာ

တန်ရဲ့လား

ငါမင်းကိုလွမ်းလို့

တန်ဖိုးထားခဲ့တာတွေကို

လ၀န်းရဲ့အရိပ်အောက်က

နိဒါန်းမှာရေးထားပါတယ်

တိတ်ဆိတ်တဲ့ရှိုက်ငိုသံနဲ့

နှုတ်ဆက်လမ်းခွဲပြီး

ရာသီတွေမြေပေါ်ကြွေကျလည်း

ချစ်လျက်ပါ

ဝေးဆုံးကတေးသံကြား

ငါရူးသွပ်နေပြီ

မင်းသိလား

မှတ်ချက်…… တစ်ပါးသူ၏ခံစားချက်ကို

…………..ခံစားတင်ပြသည်

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Blogspot Template by Isnaini Dot Com