Tuesday, April 22, 2008

ခံစားချက်

ဂီလာနရဲ့ ကဗျာတပုဒ်ကို
ခံစားဖွဲ့စည်းခြင်း

မျှော်လင့်ချက် မနက်အတွက်
ငုပ်ကွယ်နေတဲ့
အချက်တချက်ကိုယ်လည်း
အမြှစ်လှန်လိုက်တဲ့အခါ
ဟိုမှာဘက်ရဲ့
မေ့လျှော့ခြင်းများက
အစားထိုးဝင်ရောက်ခဲ့ပြန်ပြီပေါ့

စောင့်စည်းနိုင်မှု သဘောတရားမှ
ပင်လယ်ပြင်များကိုဖြတ်သန်းခဲ့တဲ့
ကမ်းလွန်လေများဟာ
အာကာရဲ့ ဗဟိုချက်မမှာ
မျက်စီကန်းခြင်းထက်ဆိုးတဲ့
အသိတရားကန်းသူ
စစ်အစိုးရကို
တိုက်ခတ်နေဆဲပါ

စစ်မှန်တဲ့အမှန်တရားကို
ဖုန်းကွယ်ပြီး
အာဆီယံ ရဲ့
အကြွပ်ဆပ်ဆုံး
ဂတိစကားတွေလည်း
အကြိမ်ကြိမ် ကျိုးပျက်လို့
ချွက်ဆေး ဆိုတဲ့
အမျိုးအစားများ ရှိပါအုံးမလား

အေးလေ -
သကာယ အညှိအနံ့တွေ
မွန်းကြပ်နေတဲ့
နှလုံးထွက်ပေါက်များအတွက်
ရှိပါအုံးမလား
အမိမြန်မာပြည်ကိုယ်
ခေါင်းလောင်းသံချိုချိုနဲ့
အတွေးသစ်ပြီး
ဇာတ်သိမ်းပေးလိုက်ချင်ပါရဲ့

မှတ်ချက် ။ ။ ။
သူငယ်ချင်းတို့ရေ ဒီကဗျာကမိုးညရေးထားတာမဟုတ်ဘူး
မိုးညကြိုက်လို့တင်ပေးလိုက်တာပါ
သူငယ်ချင်းတို့တွေလည်းကြိုက်မယ်လို့ထင်ပါတယ်
မိုးညခံစားရသလို သူငယ်ချင်းများကိုယ်လည်းခံစားစေချင်လို့ပါနော်

မိုးည

.... the rest of the template goes here...

1 အမြင်လေးတွေဝေမျှခဲ့ကြပါ:

Unknown said...

good poem sis .I also like because I have not mom but every poem bout of parent I have feeling sadly .oh my life is so poor I have not parent ,they were gone leave me alone


Blogspot Template by Isnaini Dot Com