Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Thursday, April 24, 2008

ကျွန်မနဲ့အမေ့အကြောင်း


ကျွန်မနဲ့အမေ့အကြောင်း


ကျမနဲ့အမေဝေးကွာရတဲ့အချိန်က ၁၀ ကျော်ကြာခဲ့ပြီ ကျမလေမိုးတွေရွာ တိုင်းလည်းအိမ်ကိုပြန်ချင် တယ်လွမ်းလည်းလွမ်းတယ်အမေဆိုတဲ့မျက်နှာကို ကျမြ ကည့်ချင်တယ်လေ ၊ ကျမ အိမ်နဲ့ဝေးတာ တော်တော် ကျမ လည်းလူသားထဲကလူတယောက် ပဲလေ ကျမ သိပ်ချစ်ရတဲ့မောင်လေးနဲ့ ညီမလေးကို လည်း လွမ်းတယ် ဒီလိုအချိန်ဆိုရင် ကျမ တို့မိသားစုတွေအတူတူရှိခဲ့တာလေ အကြောင်းအမျိုးမျိုးကြောင့် ကျမတို့ မိသားစုတွေဝေးကွားခဲ့ပေမဲ့ကံမကုန်ရင်ပြန်ဆုံမယ်လို့ကျမထင်တယ်လေ ကျမလေ အရင်တုန်း ကကျမ အမေကိုမုန်းတယ်ကြည့်လည်း မကြည့်ချင်ဘူး စိတ်လည်းနာတယ် ကျမရင်ထဲမှာခံစားရတဲ့ အရာတွေက အများကြီးပဲ ကျမအမေ နဲ့အဆက်အသွယ်ရတော့ကျမ တို့စကားတွေ အများကြီးပြောဖြစ်တယ်အမေကကျမကိုယ်ပြောတယ်လေ အမေ ရင်ထဲက သောကတွေ သမီးလေးမသိပါဘူးတဲ့ သမီးတို့ကို အမေမချစ်တာမဟုတ်ဘူးတဲ့လေ မိဘတိုင်းဟာတဲ့ ကိုယ်သားသမီးကို မချစ်ပဲနဲ့ မရှိပါဘူးလေကျမ အမေ့ကိုပြန်ပြောလိုက်တယ် အမေသမီးတို့ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ အမေ မတွေ့ ဘူးလေအမေဘယ်သိနိုင်မလဲလို့ ဒါပေမဲ့ ကျမကိုခင်တဲ့ချစ်တဲ့ သူငယ်ချင်းတွေက ဦးလေးတွေ အဒေါ်တွေက သမီးရယ်မင်းအမေကမင်းကိုမှမချစ်လို့မှမဟုတ်တာတဲ့ ပြောပြတယ်လေကျမ စဉ်စားတယ် အမေငိုတဲ့ မျက်ရည်ကကျမရင်ထဲမှာလာပြီး ခံစားရတယ်ဘာဖြင့်လို့လည်းကျမ မဝေခွဲ တက်ဘူး

ကျမခံစားရလို့ရင်ဖွင့်လိုက်တာပါ သူငယ်ချင်းများကိုယ်အနှောက်အယှက်ဖြင့်သွားရင် နားလည်ပေး စေချင်တယ်ခွင့်လွတ်ပါလို့တောင်း ပန်ပါတယ်

။ အမြင်လေးတွေဝေမျှခဲ့ကြပါ ။

ရေးသားသူ ။ ။(မိုးည )

ဆက်လက်ဖတ်ရှုရန်...

.... the rest of the template goes here...

Blogspot Template by Isnaini Dot Com