Wednesday, July 2, 2008


ဟိုးအဝေးက အမေ့ဆုတောင်းသံ


ဟိုးအဝေးတနေရာက………….

ဟက်ပီဘက်ဒေး သားလေးရေ

အမေအိုးရဲ့ ဆုတောင်းသံကို

အင်တာနက်မလို ဖုန်းမလိုဘဲ

ကျနော့် နှလုံးသားထဲက ကြားလိုက်ရတယ် ။

ဒီနေ့လည်း မနက်စောစော ဘုရားမှာ

သားအတွက် ဆုတောင်းနေမယ့်

အမေ့ရဲ့ ရုပ်လွှာကို ၀ပ်ဘ်ကန် (ကင်မရာ)မပါ

ဂြိုလ်တုတွေမလိုဘဲ

ကျနော်ရဲ့ မနောစက္ကုထဲမှာ

ထင်ဟပ်လို့ မြင်မက်မိတယ် အမေ့…......

သားအတွက် ရည်စူးပြီးလုပ်တဲ့

ကုသိုလ်ကောင်းမှုတွေရဲ့

သာဓုခေါ်သံတွေနဲ့ ကြေးစည်ထိုးသံတွေဟာ

မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး

သာဓုခေါ်သံတွေနဲ့ ကြေးစည်ထိုးသံတွေသာ

မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး

ကျနော့်ရဲ့ နှလုံးအိမ်မှာ လာရောက်လို့ရိုက်ခတ်မိတယ် …

လွမ်းတယ် မေမေ… လွမ်းတယ်

ယောက်ခမဆန်တဲ့ အကြည့်တွေကိုမြင်တိုင်း

အေးမြလှတဲ့ မေ့ရဲ့ အကြင်နာမျက်ဝန်းတွေကို လွမ်းတယ်

ချစ်ရေစင် သီချင်းကိုနားထောင်တိုင်း

ငယ်စဉ်ကာလ ဟိုတချိန်ခါက ဆိုငြီးနေတဲ့

အမေ့ရုပ်လွှာကို မြင်ယောင်မိပြီး

တမ်းတလို့ လွမ်းလျှမိတယ် အမေ …..

အခု ….. အပြင်မှာ မိုးတွေရွာနေတယ် အမေ

မဟုတ်ဘူး …..

မိုးကရွာနေတာမဟုတ်ဘူး တိမ်တွေငိုနေတာ

ဟုတ်တယ် ……….

လူငယ်လေးတယောက်က သူ့အမေကို လွမ်းဆွတ်နေတာကို

ကောင်းကင်ကြီးက မကြည့်ရက်လို့ ငိုနေတာ ၊

ဟုတ်တယ်……

ကျနော့်ရင်ထဲမှာလည်း မိုးတွေငိုနေတယ်

အလွမ်းမိုးတွေ……….

ဒီအချိန်ဆို အိမ်မှာ အမေအိုလည်း

သားကို တမ်းတတဲ့စိတ်နဲ့ နွမ်းလျှလို့ ပူပန်နေရှာရော့မယ် ။



မိုးညသူငယ်ချင်းတယောက်ပို့ပေးလိုက်တယ်ကဗျာလေးပါကြိုက်မယ်လို့လည်းထင်ပါတယ်တင်ပေးလိုက်တာပါ

ဟီး ဟီး…….မိုးညပျင်းနေလို့မရေးဖြင့်သေးဘူးလေသူငယ်ချင်းတွေပေးပို့တဲ့ကဗျာပဲတင်ထားပေးတယ့်

ဒီင်္ကဗျာရဲ့ကလောင်ရှင်ကတော့မိုးသောက်ကြယ်ပေးပို့တဲ့ကဗျာလေးပါ

မိုးညလေးဒီရက်ပိုင်းအတွင်းစာလေးတွေမရေးနိုင်သေးပါပျင်းတာလည်းပါတာပေါ့နော်

.... the rest of the template goes here...

0 အမြင်လေးတွေဝေမျှခဲ့ကြပါ:


Blogspot Template by Isnaini Dot Com