Sunday, April 20, 2008

ဆိုးဝါးလှတဲ့ နွေဦး


ရွက်ဟောင်းကြွေ လို့

ရွက်သစ်တွေ ဝေ

နှစ်တွေ ကုန်လို့

ရာသီတွေ အလီလီပြောင်း

မမေ့ခဲ့တဲ့ နေ့တွေ

ဝေးကွာခဲ့ မိသားစု

ပြန်ဆုံ မလားလို့

မျှော်လင့်မိတယ်

ဒါပေမရ့် ဒီလိုနဲ့ပဲ

အချိန်တွေတာ ကုန်လာတယ်

မဖြစ်နိုင်မှန်း သိရဲ့နဲ့

မျှော်လင့်မိတယ်

နှောင်တချိန် ပြန်ဆုံမလားလို့

တောင်းတမိတယ်

ဘာကြောင့် ဒို့တွေရဲ့

ဘ၀တွေ ဖြစ်ရတာလဲဆိုတော့

ဒီနအဖတွေကြောင့်လို့

အတွေးတွေ ပေါ်လာတယ်

စီးပွားရေးက အစဉ်မပြေ

အုပ်ချုပ်မူက မကောင်း

ဖိနှိပ်မူတွေကများ

နှောင်သံသရာ အဆက်ဆက်

ဒိလိုမျိုးဘ၀တွေ

မရောက်ရပါစေနဲ့လို့

ဆုတောင်းရင်း

ရေးသားသူ ( မိုးည )

.... the rest of the template goes here...

0 အမြင်လေးတွေဝေမျှခဲ့ကြပါ:


Blogspot Template by Isnaini Dot Com