Friday, June 13, 2008

BVA ဖွဲ့စည်းခြင်း

မြန်မာ့စေတနာ့ဝန်ထမ်းအသင်း
BURMA VOLUNTEERS ' ASSOCIATION
E-mail; thihathena@yahoo.com

BVA ၏ ထုတ်ပြန်ကြေငြာချက် ( ၁၀ / ၂၀၀၈ )
နေ့စွဲ။ ။ ၂၀၀၈ ခုနှစ် ၊ ဇွန်လ ( ၁၀ ) ရက်

အမိမြန်မာပြည်နှင့် ခွဲခွာလျက် သူတပါးနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရပ်တည်နေကြသော မြန်မာပြည်သား များအား ချစ်ခင်လေးစား ရိုင်းပင်းကူညီသည့် " Burma Volunteer's Association ( BVA ) " ကို ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်းထုတ်ပြန်ကြေငြာ အပ်ပါသည် ။
မြန်မာနိုင်ငံတွင် စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ မိသားစုများ ၀င်ငွေ ထွက်ငွေ မမျှ တမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ စသည့် ဘ၀ရပ်တည်ရေး အခက်အခဲများကြောင့် မြန်မာပြည်သားများ ထိုင်းနိုင်ငံ သို့ အများအပြား ၀င်ရောက်အလုပ်လုပ်ကိုင်ကြလျက်ရှိသည် ။ ထို့အပြင် နေ့စဉ်နှင့်အမျှ မြန်မာပြည်သားများ အလုပ် အကိုင်ရှာဖွေရရှိရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်နေထိုင်လျက် ရှိကြသည် ။ ထိုသို့သူတပါး တိုင်းပြည်တွင် မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော အခက်အခဲ ၊ပြဿနာ ၊ အရေးကိစ္စ များကို ကောင်းမွန် စွာဝိုင်းဝန်းကူညီဖြေရှင်းပေးရန် လိုအပ်သည်များကို မကြာခဏတွေ့ကြုံ ကြားသိနေရသဖြင့် ထိုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် BVA ဖွဲ့စည်းပေါ်ပေါက်လာရပေသည် ။
BVA သည် မြန်မာပြည်သားများ၏ အခက်အခဲများ ပြဿနာများ ၊အရေးကိစ္စများ ၊မတော်မတရားပြုခံရမှု များ တို့ကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည် ။

BVA သည် မြန်မာပြည်သားများ
- အကျင့်စာရိတ္တ မြင့်မားကောင်းမွန်စွာဖြင့် အမျိုးဂုဏ် ၊ဇာတိဂုဏ် ၊ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်
- အသိအမြင် အတွေးအခေါ် တိုးတက်မြင့်မား လာစေရန်
- အမျိုးသားရေးစိတ်ဓါတ် နိုးကြားတက်ကြွ လာစေရန်
ဟူသော ရည်ရွယ်ချက်များထားရှိပြီး ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်
ကြေငြာအပ်ပါသည် ။



ဦးဆောင်မှု ကော်မတီ
မြန်မာ့စေတနာ့ ၀န်ထမ်းအသင်း (BVA)

ဆက်သွယ်ရန် … ဖုန်း : 087 2027 932

.... the rest of the template goes here...

0 အမြင်လေးတွေဝေမျှခဲ့ကြပါ:


Blogspot Template by Isnaini Dot Com