Wednesday, May 7, 2008

ခွဲခွာနေရခြင်း


အမုန်း

မျှော်လင့်ခြင်းတွေသာ

အမုန်းဆိုတဲ့ ဝေါဟာရနဲ့တူတယ်ဆိုရင်

အမုန်းတွေကို အများဆုံး

ပိုင်ဆိုင်ထားတာ ငါပဲ ဖြစ်လိမ့်မယ်


အိမ်မက်မက်တိုင်းသာ

မင်းနဲ့ ဆုံတွေ့ရရင်

ငါ မနိုးသော အိပ်စက်ခြင်းနဲ့

မင်းရယ်ငါရယ် အတူတူရှိချင်တယ်


ငါ့ကိုချစ်ပါတယ်လို့လိမ်

မခွဲပါဘူးလို့လိမ်

အတူတူနေမယ်လို့လိမ်

ငါ့ဘ၀မှာ လိမ်တွေကြီးပါဘဲလား

ရှိသင့်တဲ့ အရာတွေထဲမှာ

မင်းမပါ ၀င်ပြီး

မရှိသင့်တဲ့ အရာတွေထဲမှာတော့

မင်းကထိပ်ဆုံးကပါတယ်

အေးလေမဆုံနိုင်မှန်

သိရက်နဲ့မျှော်လင့်မိတာကို

နောက်ဆုံးတော့အမုန်းပေါ့

ဒါ ငါအတွက်ထိုက်တန်ပါတယ်…


မှတ်ချက် တစ်ပါးသူခံစားချက်

.... the rest of the template goes here...

1 အမြင်လေးတွေဝေမျှခဲ့ကြပါ:

Unknown said...

မျှော်လင့်ခြင်းက အမုန်းနဲ့မှ အမျိုးမတော်တာ
တစ်ကယ့်တော့ ကမ္ဘာဆိုတာရွာပါပဲ
တစ်နေ့နေ့မှာတွေ့ကြရင်
မျှော်လင့်ခြင်းတွေက တစ်ကယ်လက်တွေ့မှာ
အသုံးဝင်မှာပေါ့...


Blogspot Template by Isnaini Dot Com