Sunday, May 4, 2008

အဝေး


ကံကြမ္မာ





တွေ့ဆုံခြင်းဟာ
ခွဲခွာခြင်းရဲ့အစဆိုရင်
ငါ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူး

မင်းလိမ်နေတာကို
ငါ ပြုံးပြုံးကြီး
ထိုင်ကြည့်နေချင်တယ်
ဒါပေမရ့်
သည်းခံနိုင်တဲ့အတိုင်းတာတစ်ခုထိပေါ့

အမြဲတမ်းစိတ်ညစ်စရာတွေ
ကြုံတွေ့နေရတဲ့ဘ၀မှာ
တစ်ခါတစ်လေတော့လဲ
တစ်ယောက်သောသူဆီက
ပျော်ရွှင်မှုတွေရချင်တယ်

နောက်တစ်ယောက်ထပ်ရှိလာနိုင်ပေမရ့်
နောက်တစ်ခေါက်ထပ်ချစ်ဖို့ မဖြစ်နိုင်တော့ဘူး

ငါမင်းအနားမှာ ရှိနေတုန်းက
မင်းငါ့ကို တန်ဖိုးထားခဲ့လို့လား
ဝေးသွားတော့မှ လွမ်းပါတယ်ဆိုတဲ့
မင်းရဲ့စကားတွေကို
ငါဘယ်လိုအင်အားမျိုးနဲ့ ယုံကြည်ရမလဲ
ပေးဆပ်မှုတစ်ခုစီ အတွက်သာအမှတ်ရရင်
မြန်မာပြည် နယ်နိမိတ်ကို အုတ်တံတိုင်းောင် ခတ်ပြလိုက်ချင်တယ်

.... the rest of the template goes here...

0 အမြင်လေးတွေဝေမျှခဲ့ကြပါ:


Blogspot Template by Isnaini Dot Com