
ပြည်ဖျက်မဲ
လူတိုင်းထောက်ခံ
မဲပေးရန်
တိုင်းပြည်ပျက်ဖို့
ပြောတာလား
တဖက်သက်ရေးဆွဲ
အခြေခံဥပဒေမူကြမ်း
လာ…လာ…လာ..
မဲရုံမဲရုံသင်တို့သွားကြစို့
အမျိုးသားအသိသိဖို့
လူတိုင်းရွာတိုင်း အရွယ်ရောက်သူတိုင်း
ကန့်ကွက်မဲပေးကြစို့
တယောက်မကျန်မဖောက်ပြန်
ထောက်ခံမဲမပေးဖို့
မိုးည
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

ဖြူစင်လှတဲ့အပြုံး
ဘ၀ဒဏ်ရာ
ရင်မှာခံစားနေလည်း
မောင်လေးကမမတဲ့
သားရဲ့ပျော်ရွှင်ရတဲ့
နေ့ကိုဘာဖြင့်လိုမလားတာလည်းတဲ့
မောင်လေးရယ်
မင်းရဲ့တသက်မှတခါပဲ
မင်္ဂလာရှိတဲ့
နေ့လေးကိုမမလာချင်တာပေါ့
မောင်လေးရယ်
အခြေအနေကြောင့်
မမ မလာနိုင်ပေမဲ့
မမလာခဲ့ပါတယ်
လူကိုယ်တိုင်းမလာခဲ့ပေမဲ့
စိတ်ကလာခဲ့တယ်နော်
မောင်လေးရဲ့ပျော်ရွှင်ရတဲ့
နေ့မြတ်လေးကိုယ်
မမလာချင်လိုက်တာကွယ်
မင်းရဲ့ပျော်ရွှင်နေတဲ့
အပြုံးလေးကိုယ်မမမြင်ချင်တယ်
မောင်လေးရယ်
ချစ်သောမောင်လေးအတွက်
ရေးသားသူ ။ ။(မိုးည) အမြင်လေးတွေဝေမျှခဲ့ကြပါ
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

ပြည်သူ့ဘဝ
တနေ့စာစားသောက်ရဖို့
ရုန်းကန်နေရတဲ့
ငါတို့ဘ၀တွေ
နေပူမရှောင်
မိုးရွာမရှောင်
တိုင်းတပါးမှာ
ကျွန်လာပြု
သူများအပြောအဆို
ခံရတဲ့ငါတို့ဘ၀တွေ
ဘယ်အချိန်ကျမှ
လွတ်မြောက်နိုင်မလဲ
အမိမြန်မာပြည်ကြီး
ရှိပါလျက်လဲ
သူများတိုင်းပြည်မှာ
ငါတို့တွေဘာကြောင့်
အလုပ်လုပ်ရသလဲ
စဉ်စားကြည့်ကျပါတော့
ဒီ နအဖ တွေ
အရှေ့ကိုယ်ပဲမျှော်ကြည့်နေတယ်
အနောက်ကိုယ်တချက်လောက်တော့
လှည့်ကြည့်ပါအုံးလို့
ရင်နာနာနဲ့ပြောလိုက်ချင်ပါရဲ့
မှတ်ချက် ။ ။
အမြင်လေးတွေမျှဝေခဲ့ကြပါ
ရေးသားသူ ။ ။ ( မိုးည )
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

ကျွန်မနဲ့အမေ့အကြောင်း
ကျမနဲ့အမေဝေးကွာရတဲ့အချိန်က ၁၀ ကျော်ကြာခဲ့ပြီ ကျမလေမိုးတွေရွာ တိုင်းလည်းအိမ်ကိုပြန်ချင် တယ်လွမ်းလည်းလွမ်းတယ်အမေဆိုတဲ့မျက်နှာကို ကျမြ ကည့်ချင်တယ်လေ ၊ ကျမ အိမ်နဲ့ဝေးတာ တော်တော် ကျမ လည်းလူသားထဲကလူတယောက် ပဲလေ ကျမ သိပ်ချစ်ရတဲ့မောင်လေးနဲ့ ညီမလေးကို လည်း လွမ်းတယ် ဒီလိုအချိန်ဆိုရင် ကျမ တို့မိသားစုတွေအတူတူရှိခဲ့တာလေ အကြောင်းအမျိုးမျိုးကြောင့် ကျမတို့ မိသားစုတွေဝေးကွားခဲ့ပေမဲ့ကံမကုန်ရင်ပြန်ဆုံမယ်လို့ကျမထင်တယ်လေ ကျမလေ အရင်တုန်း ကကျမ အမေကိုမုန်းတယ်ကြည့်လည်း မကြည့်ချင်ဘူး စိတ်လည်းနာတယ် ကျမရင်ထဲမှာခံစားရတဲ့ အရာတွေက အများကြီးပဲ ကျမအမေ နဲ့အဆက်အသွယ်ရတော့ကျမ တို့စကားတွေ အများကြီးပြောဖြစ်တယ်အမေကကျမကိုယ်ပြောတယ်လေ အမေ ရင်ထဲက သောကတွေ သမီးလေးမသိပါဘူးတဲ့ သမီးတို့ကို အမေမချစ်တာမဟုတ်ဘူးတဲ့လေ မိဘတိုင်းဟာတဲ့ ကိုယ်သားသမီးကို မချစ်ပဲနဲ့ မရှိပါဘူးလေကျမ အမေ့ကိုပြန်ပြောလိုက်တယ် အမေသမီးတို့ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ အမေ မတွေ့ ဘူးလေအမေဘယ်သိနိုင်မလဲလို့ ဒါပေမဲ့ ကျမကိုခင်တဲ့ချစ်တဲ့ သူငယ်ချင်းတွေက ဦးလေးတွေ အဒေါ်တွေက သမီးရယ်မင်းအမေကမင်းကိုမှမချစ်လို့မှမဟုတ်တာတဲ့ ပြောပြတယ်လေကျမ စဉ်စားတယ် အမေငိုတဲ့ မျက်ရည်ကကျမရင်ထဲမှာလာပြီး ခံစားရတယ်ဘာဖြင့်လို့လည်းကျမ မဝေခွဲ တက်ဘူး
ကျမခံစားရလို့ရင်ဖွင့်လိုက်တာပါ သူငယ်ချင်းများကိုယ်အနှောက်အယှက်ဖြင့်သွားရင် နားလည်ပေး စေချင်တယ်ခွင့်လွတ်ပါလို့တောင်း ပန်ပါတယ်
။ အမြင်လေးတွေဝေမျှခဲ့ကြပါ ။
ရေးသားသူ ။ ။(မိုးည )
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

ထာဝရအမေ
အဝေးကအမေ
လွမ်းလှပြီအမေ
ပြန်ခဲ့ပါတော့
ဘယ်တွေမြန်ရောက်နေပြီလည်း
အမေ
ပြန်မဆုံနိုင်ပေမဲ့
မျှော်လင့်လျက်ပါ
အမေ
မိုးတွေရွာတိုင်း
အမေအကြောင်းကို
တွေးတိုင်းလွမ်းတယ်
အမေရယ်
မြန်မြန်ပြန်လာပါတော့
အမေရယ်
သမီးရင်ထဲက
သောကတွေ
အမေသိနိုင်ပါ့မလား
အမေရယ်
ရေးသားသူ ။ ။ (မိုးည )
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ဂီလာနရဲ့ ကဗျာတပုဒ်ကို
ခံစားဖွဲ့စည်းခြင်း
မျှော်လင့်ချက် မနက်အတွက်
ငုပ်ကွယ်နေတဲ့
အချက်တချက်ကိုယ်လည်း
အမြှစ်လှန်လိုက်တဲ့အခါ
ဟိုမှာဘက်ရဲ့
မေ့လျှော့ခြင်းများက
အစားထိုးဝင်ရောက်ခဲ့ပြန်ပြီပေါ့
စောင့်စည်းနိုင်မှု သဘောတရားမှ
ပင်လယ်ပြင်များကိုဖြတ်သန်းခဲ့တဲ့
ကမ်းလွန်လေများဟာ
အာကာရဲ့ ဗဟိုချက်မမှာ
မျက်စီကန်းခြင်းထက်ဆိုးတဲ့
အသိတရားကန်းသူ
စစ်အစိုးရကို
တိုက်ခတ်နေဆဲပါ
စစ်မှန်တဲ့အမှန်တရားကို
ဖုန်းကွယ်ပြီး
အာဆီယံ ရဲ့
အကြွပ်ဆပ်ဆုံး
ဂတိစကားတွေလည်း
အကြိမ်ကြိမ် ကျိုးပျက်လို့
ချွက်ဆေး ဆိုတဲ့
အမျိုးအစားများ ရှိပါအုံးမလား
အေးလေ -
သကာယ အညှိအနံ့တွေ
မွန်းကြပ်နေတဲ့
နှလုံးထွက်ပေါက်များအတွက်
ရှိပါအုံးမလား
အမိမြန်မာပြည်ကိုယ်
ခေါင်းလောင်းသံချိုချိုနဲ့
အတွေးသစ်ပြီး
ဇာတ်သိမ်းပေးလိုက်ချင်ပါရဲ့
မှတ်ချက် ။ ။ ။
သူငယ်ချင်းတို့ရေ ဒီကဗျာကမိုးညရေးထားတာမဟုတ်ဘူး
မိုးညကြိုက်လို့တင်ပေးလိုက်တာပါ
သူငယ်ချင်းတို့တွေလည်းကြိုက်မယ်လို့ထင်ပါတယ်
မိုးညခံစားရသလို သူငယ်ချင်းများကိုယ်လည်းခံစားစေချင်လို့ပါနော်
မိုးည
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ငါတို့ ရင်ထဲခံစားနေရတဲ့
သောကတွေ
တောတောင်ရေမြေ
နေရာမရွေး
အေးချမ်းနေပါလျက်
ပြေးလွှားနေရတဲ့
ငါတို့ဘ၀တွေ
ဒုက္ခတွေ
နေ့စဉ်နေမှ
ခံစားနေရတဲ့
ဝေဒနာတွေ
ဘယ်တော့ပြေမှာလည်း
အိုးအိမ်ရှိပါလျက်နဲ့
ပြေးလွှားရတဲ့
ငါတိုတွေရဲ့ဘဝ
ခံစားနေရတဲ့ ဝေဒနာ
ရင်ထဲ ပေါက်ကွဲ
ဒီလိုမျိုး နေ့ရက်တွေ
ဘယ်တော့ ကုန်မလဲ
ငြိမ်းချမ်း ခြင်းတွေ
ဘယ်တော့ရနိုင်မလဲ
ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

ရွက်ဟောင်းကြွေ လို့
ရွက်သစ်တွေ ဝေ
နှစ်တွေ ကုန်လို့
ရာသီတွေ အလီလီပြောင်း
မမေ့ခဲ့တဲ့ နေ့တွေ
ဝေးကွာခဲ့ မိသားစု
ပြန်ဆုံ မလားလို့
မျှော်လင့်မိတယ်
ဒါပေမရ့် ဒီလိုနဲ့ပဲ
အချိန်တွေတာ ကုန်လာတယ်
မဖြစ်နိုင်မှန်း သိရဲ့နဲ့
မျှော်လင့်မိတယ်
နှောင်တချိန် ပြန်ဆုံမလားလို့
တောင်းတမိတယ်
ဘာကြောင့် ဒို့တွေရဲ့
ဘ၀တွေ ဖြစ်ရတာလဲဆိုတော့
ဒီနအဖတွေကြောင့်လို့
အတွေးတွေ ပေါ်လာတယ်
စီးပွားရေးက အစဉ်မပြေ
အုပ်ချုပ်မူက မကောင်း
ဖိနှိပ်မူတွေကများ
နှောင်သံသရာ အဆက်ဆက်
ဒိလိုမျိုးဘ၀တွေ
မရောက်ရပါစေနဲ့လို့
ဆုတောင်းရင်း
ရေးသားသူ ( မိုးည )
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...

လပြည့်ည
ကမB္ဘာခြားနေပင်မဲ့
ဘာလိုလိုနဲ့
လပြည့်ညတောင်
ရောက်ပြန်ခဲ့ပြီးနော်
လပြည့်ညက
ချစ်သူထံချစ်စာလွှာလေး
ပေးပို့ချင်လျှက်
မပို့ရဲခဲ့ရပြန်ဘူး
မင်းလေးဘယ်ဆီ
ရောက်နေပြီလည်း
ချစ်သူရယ်
အဝေးက
မင်းလေးသိနိုင်မလား
ချစ်သူ
သတိရတဲ့စိတ်က
မမေ့နိုင်ဘူး
မင်းလေးအတွက်
ဒို့ကဗျာလေးတွေ
ဆက်ထားတယ်ချစ်သူ
မင်းအတွက်တာ
ရည်စူးပြီးဆက်ထားတဲ့
စာသားတွေ
မင်းလေးသိနိုင်မလား
ချစ်သူရယ်
ဟိုအဝေးရောက်မင်းအတွက်
တစ်ပါးသူအတွက်
ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
မျှော်လင့်ချက်
ဒီကနေ့ ပျော်အောင်နေပါ
မနက်ဖန်ဆိုတာ မရှိသေးတဲ့
မနေ့တနေ့ဆိုတာ ပြီးခဲ့ပြီး
ပျော်ရွှင်ပါစေ
မှတ်ချက် ။ ။ (အားပေးချက်) ။
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
အရေးကြီးပြီ
အရေးကြီးပြီ ညီနောင်အပေါင်းတို့
သွေးစည်းကာ ညီစေကြဆို့
ငါတို့ရဲ့ သမိုင်းတစ်ခောတ်ကို
ငါတို့သွေးနဲ့ ရေးခဲ့ပြီ
သွေးသစPာလည်း ပြုခဲ့ပြီ
( နိုင်ငံတော် အတွက်ဆို )
( နိုင်ငံတော် အတွက်ဆို )
အသက်ကိုလည်း ဘာမထီ
သေပါစေ ခွပ်ဒေါင်းသွေးနဲ့
( ရဲရဲရှေ့ကိုချီ )
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးအတွက်
ဆုံးပါးတိုက်ပွဲ နွှဲရမည်
ရေးသားသူ (ကျောင်းသားများ)
မှတ်ချက် ။ ။ကဗျာမဟုတ်ပါ သီးချင်းပါ ။
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ယခုလ (၁၆) ရက်သင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လူငယ်အဖွဲ့ဝင်တဦးအား အမည်မသိ လူတစုက ရိုက်နှက်ခဲ့သည်။
သင်္ကြန်အတက်နေ့ညတွင် ရေကစားမဏ္ဍပ်ပိတ်၍ အိမ်သို့အပြန်တွင် ဒဂုံမြို့သစ်မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့ တာဝန်ခံ(၁) ကိုသီဟန် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။
ည (၇) နာရီခန့်တွင် အတူရေကစားခဲ့သူ အမျိုးသမီးသုံးဦးအား စက်ဘီးဖြင့်လိုက်လံပို့ဆောင်စဉ် ကားတစီးပေါ်မှ လူတစုက မြရတနာလမ်းတ၀က်အရောက်တွင် သံဒုတ်များကိုင်ဆောင်ကာ ကိုသီဟန်အား ရိုက်နှက်ခဲ့ရာ ညာဘက်လက်ပြင်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
ကားအပြာရောင်နှင့်အဖြူရောင်နှစ်စီး ၎င်းနောက်မှထပ်ကြပ်မခွာလိုက်လာပြီး ရိုက်နှက်ပုံကို ကိုသီဟန်က “ဘင်ကားအဖြူရောင်က ပြုပြင်ဆဲ ယာဉ်ဆိုပြီးနံပါတ်အုပ်ထားတယ်၊ အဲ့ဒီကားက ထပ်လိုက်လာပြီးတော့ လမ်းတ၀က်ကျော်ကျော်ရောက်တော့ ကားကဘေးကိုထိုးရပ်လိုက် တယ်၊ ရပ်ပြီးလူရှစ်ယောက်လောက် ဆင်းလာပြီး ရိုက်တယ်၊ လက်ပြင်သုံးချက်လောက် အရိုက် ခံလိုက်ရတယ်၊ သံတုတ်လို့ယူဆရတယ်၊ ကျန်တဲ့လူတွေတော့ မထိလိုက်ဘူး၊ ကျနော် အိမ်တ အိမ်ထဲဝင်ပြေးရတယ်၊ စက်ဘီးရော လူရောလဲသွားတယ်၊ မိန်းခလေးတွေလည်း ဘေးက အိမ် ထဲကို ၀င်ပြေးတယ်” ဟု ပြောသည်။
အဆိုပါလူစုက အိမ်ပေါ်ထိတက်၍ ရိုက်နှက်ရန်ကြိုးစားရာ အိမ်ရှင်မှ တခါးအားပိတ်ဆို့ပြီး မောင်းထုတ်ခဲ့သော်လည်း ၁၅ မိနစ်ခန့်ကြာ အော်ဟစ်ကြိမ်းမောင်းပြီးနောက်မှ ပြန်လည်ထွက် ခွာသွားကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အရိုက်ခံရမှုနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ် ရဲစခန်းတွင် ယမန်နေ့နံနက် (၁၀)နာရီခန့်တွင် ဒဂုံမြို့သစ်မြို့နယ် ဥက္ကဌ ဦးသောင်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ကိုအေးနိုင်နှင့် ကိုသီဟန်တို့ အမှုသွားရောက်ဖွင့်လှစ်ခဲ့ရာ ရဲစခန်းမှူးမှ အမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
(NLD)ပါတီအနေဖြင့် စစ်အစိုးရပြုလုပ်မည့်ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရန် ပြည်သူလူထု အား တိုက်တွန်းနိုးဆော်ထားသည့်နည်းတူ ပါတီလူငယ်အဖွဲ့ဝင်အချို့မှလည်း (NO) အမှတ် အသားပါ တီရှပ်များကိုဝတ်ဆင်ကာ ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများကိုပြုလုပ်လျှက်ရှိသည်။
“ကျနော်တို့ အဲဒီနေ့က ပိုစတာတော့မကိုင်ဘူး၊ ရိုးရိုးရေကစားတယ်၊ အင်န်အယ်ဒီလူငယ်တွေဆို တာကိုတော့ အများကသိကြတယ်၊ တချို့လူငယ်တွေက (NO) အင်္ကျီတွေ ၀တ်ကြတယ်၊ အဲ့ဒီ အင်္ကျီနဲ့ပတ်သက်လို့လည်း ကျနော်တို့မြို့နယ်က အဖွဲ့ဝင် ကိုတင်ဝင်းကို လောလောဆယ်
၅၀၅(ခ)နဲ့ တရားစွဲခံထားရတယ်” ဟု ကိုသီဟန်က ပြောသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအား အကြမ်းဖက်ရိုက်နှက်ခြင်းနှင့်ပတ်သက်၍ ယခုအချိန်အထိ တစုံတရာပြော ဆိုခြင်းမရှိပဲ တရားခံများအားလည်း ဖော်ထုတ်ပေးခြင်းမရှိချေ။
ရိုက်နှက်သူများနှင့်ပတ်သက်၍ ကိုသီဟန်က “ဟိုတလောကဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကော ပတ်ဝန်းကျင်မှာလည်း အင်န်အယ်ဒီအသိုင်းအ၀ိုင်းကလည်း လုပ်ကြံခံရတာတွေက ခဏခဏ ကြုံတွေ့နေရတော့ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုက လုပ်ကြံနေတယ်လို့ထင်တယ်” ဟု ပြောဆိုခဲ့သည်။
လက်ရှိတွင် ကိုသီဟန်မှာ ရိုက်နှက်ခံရသည့်ဒဏ်ရာကြောင့် လတ်တလောတွင် ဆေးရုံမှပေး သည့် ဆေးစားသုံးနေပြီး မပျောက်ကင်းပါက ဓါတ်မှန်ရိုက်၍ ကုသသွားရမည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
အောင်လံမလဲထောင်နေလျက်ပါခွပ်ဒေါင်းစိတ်ဓာတ်ကြံ့ကြံ့ခံတဲ့ငါတိုဒေါင်းတမန်လာပြီနော်ရဲစွမ်းသတ္တိဒို့ကျောင်းသားခွပ်ဒေါင်းလိုမျိုးစိတ်ဓာတ်တွေနဲ့အနိုင်မခံအရှုံးမပေးတိုက်ပွဲတွေလည်းနွှဲရမှာပဲဧကန်မုချအောင်ရမည်ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
ခံစားရတဲ့ ဝေဒနာ
ရင်မှာနာကျင်
စူးရှနေလည်း
နေညှိချိန်ဆို
တထောက်တနား
ပြန်ကြရတဲ့
ငှက်တွေလိုပဲ
လွတ်လပ်ခွင့်တွေ
ရချင်လည်းပဲ
မရခဲ့တဲ့
လူအခွင့်အရေးလည်း
ဆုံးရှုံးပြန်တော့
ငါတာလူပါ
ငါတာလူကြီး
ငါတာဘုရင်ဆိုပြီး
လုပ်ချင်သလိုလုပ်ပြီး
လူသားတွေရဲ့
လူအခွင့်အရေးတွေကို
ပိတ်ပင်နေတဲ့
အမျိုးရုပ်တွေ
ဘယ်တော့အခါမှ
ကမ္ဘာမကြေဘူး
ရေးသားသူ (မိုးည)
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
နယူးဒေလီ။ ။ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒေသ အာဏာပိုင်များက လူထုဆန္ဒ ခံယူပွဲအတွက် ဆိုကာ ဒေသခံများထံမှ ငွေကြေး ကောက်ခံမှုများ လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် ၃ ပတ်ခန့်ကတည်းက မန္တလေးတိုင်း သာစည်နှင့် မိတ္ထီလာ မြို့နယ်များရှိ ကျေးရွာများကို ဒေသ အာဏာပိုင်များက မဲရုံဆောက်ရန်နှင့် လူထုဆန္ဒ ခံယူပွဲအတွက်ဟု ဆိုကာ ငွေကောက်ခံနေခြင်း ဖြစ်သည်။
သာစည်မြို့နယ်ရှိ လှိုင်းတက်၊ ယင်းမာပင်၊ ဟန်ဇားကျေးရွာ အပါအဝင် ရွာငယ်အချို့တွင် တအိမ်ထောင်လျှင် ငွေကျပ် ၃ဝဝ နှုန်း ကောက်ခံနေပြီး ထည့်ဝင်ခြင်း မရှိသည့် အိမ်ထောင်စုများကို ၅ဝဝ ကျပ် ပေးရမည်ဟုဆိုကာ အတင်းအကျပ် ကောက်ခံနေသည်ဟု သာစည်မြို့ခံ တဦးက ပြောသည်။
သူက “မဲရုံဆောက်ဖို့၊ မဲရုံအတွက် စာရွက်စာတမ်းကြေး ဆိုပြီး ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက လာကောက်နေတာ။ အစိုးရဆီကပဲ တောင်းရမှာပေါ့။ အခုတော့ ဘာမှမသိတဲ့ ရွာသားတွေကို လိမ်ပြီး ကောက်နေတာ” ဟု ပြောသည်။
မိတ္ထီလာမြို့နယ်ရှိ အလယ်ရွာတိုက်နယ် မြောက်လည်အုပ်စု အတွင်းရှိ ရွာများတွင် ဒေသ အာဏာပိုင်များကလည်း တအိမ်ထောင် ငွေ ၃ဝဝ ကျပ် ကောက်ခံနေပြီး မြို့ပေါ်ရှိ အိမ်ထောင်စုများကို ကျပ် ၅ဝဝ အထိ သတ်မှတ်ပြီး တောင်းခံနေသည်။
ဆန္ဒခံယူပွဲအတွက် ငွေကြေးကောက်ခံရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအတွက်ပါ ကျပ်ငွေ ၁ဝဝ ကျပ် မဖြစ်မနေ ပေးနေရသည်ဟု မိတ္ထီလာ မြို့ခံတဦးက ပြောသည်။
“သူတို့က မဲစာရင်းကောက်တယ် ဆိုပြီး အိမ်ပေါ်တက်လာတယ်။ စာရင်းကောက်ရင်းနဲ့ တခါထဲ မဲရုံတွေ ဆောက်ဖို့၊ မဲစာရင်း စာရွက်စာတမ်းအတွက် ဆိုပြီး ပိုက်ဆံ ကောက်သွားတာပဲ။ လူတွေကလည်း ဘာမှန်းတောင် မသိရဘဲ ပေးလိုက်ရတာ” ဟု မိတ္ထီလာမြို့ခံက ပြောသည်။
မဇ္ဈိမသတင်းဌာန
ဆက်လက်ဖတ်ရှုရန်...
အစသို့...
.... the rest of the template goes here...
.... the rest of the template goes here...
.... the rest of the template goes here...